ကွတ်ကီးမူဝါဒ

သက်ရောက်သည့်နေ့စွဲ - ဇန်န၀ါရီရက်၊၂၀၁၈

McKinsey & Company နှင့် ယင်း၏ လက်ခွဲများနှင့် စီးပွားဖက်များ (စုပေါင်း၍ “McKinsey”၊ “ကျွန်ုပ်တို့ကို” သို့မဟုတ် “ကျွန်ုပ်တို့” ဟုခေါ်ဆို) သည် သင့်ကိုယ်ရေးလုံခြုံမှုမှာ သင့်အတွက် အရေးကြီးသည်ကို နားလည်ပြီး အသုံးပြုသော နည်းပညာများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိစေရန် ကတိပြုထားပါသည်။  ဤမူဝါဒကို လင့်ခ်တစ်ခုအနေဖြင့် ဖော်ပြထားသော မည်သည့်ဝဘ်ဆိုက် သို့မဟုတ် အက်ပ်ကိုမဆို (စုပေါင်း၍ “ဆိုက်များ” ဟုခေါ်ဆို) သင်အသုံးပြုလျှင် ကွတ်ကီးများ၊ ၀ဘ်အချက်ပြများ (web beacons)၊ အစက်အပြောက်များ (pixels)၊ ရှင်းလင်းသော gif ဖိုင်များနှင့် အခြားအလားတူ နည်းပညာများ (စုပေါင်း၍ “ကွတ်ကီးများနှင့် အခြားခြေရာခံ နည်းပညာများဟု ခေါ်ဆို”) ကို သင့်စက်ပေါ်တွင် သိမ်းဆည်းပုံ၊ ရယူသုံးစွဲပုံနှင့် ယင်းသို့ပြုလုပ်ရသည့် အကြောင်းရင်းတို့ကို ဤကွတ်ကီး မူဝါဒတွင် ရှင်းပြထားပါသည်။ ဤကွတ်ကီး မူဝါဒအား ကျွန်ုပ်တို့၏  နှင့် အသုံးပြုရန် စည်းမျဉ်းများ နှင့်အတူ ဖတ်သင့်ပါသည်။ ။

ကျွန်ုပ်တို့၏ဆိုက်များတွင်ဆက်လက်ရှာဖွေခြင်းသို့မဟုတ်အသုံးပြုခြင်းဖြင့်သင်သည်ကျွန်ုပ်တို့အားကွတ်ကီးများနှင့်အခြားခြေရာခံနည်းပညာများကိုဤကွတ်ကီးမူဝါဒတွင်ဖော်ပြထားသည့်အတိုင်းသိမ်းဆည်းရယူသုံးစွဲရန်ခွင့်ပြုခြင်းဖြစ်ပါသည်။

ကွတ်ကီးများနှင့်အခြားခြေရာခံနည်းပညာတွေကဘာတွေလဲ။

ကွတ်ကီးဆိုသည်မှာ သေးငယ်သော စာသားဖိုင်တစ်ခုဖြစ်ပြီး ကျွန်ုပ်တို့၏ ဆိုက်များအနက် တခုခုသို့ သင်ဝင်ရောက်ပါက သဘောတူထားသည့် အတိုင်းအတာအတိုင်း သင့်စက်ပေါ်တွင် သိမ်းဆည်းထားပြီး ရယူသုံးစွဲနိုင်ပါသည်။  အခြား ခြေရာခံ နည်းပညာများသည်လည်း ကွတ်ကီးများ ကဲ့သို့ပင် အလုပ်လုပ်ပြီး ကျွန်ုပ်တို့၏ ဆိုက်များအား သင်မည်သို့ အသုံးပြုသည်ကို သတင်းအချက်အလက် ရယူနိုင်ရန်အတွက် သင့်စက်ပစ္စည်းများပေါ်တွင် သေးငယ်သော အချက်အလက်ဖိုင်များ ထားရှိခြင်း သို့မဟုတ် သင့်ဝဘ်ဆိုက် လုပ်ဆောင်မှုကို စောင့်ကြည့်ခြင်းတို့ ပြုလုပ်ပါသည်။ ယင်းသည် ကျွန်ုပ်တို့၏ ဆိုက်များအား အခြားသုံးစွဲသူများအနက်မှ သင့်စက်ပစ္စည်းကို သိရှိမှတ်မိစေပါသည်။ ကွတ်ကီးများနှင့် ပတ်သက်၍ အောက်တွင်ပေးထားသော အချက်အလက်များသည် ဤအခြား ခြေရာခံခြင်း နည်းပညာများအတွက်လည်း သက်ဆိုင်ပါသည်။ နောက်ထပ် အချက်အလက်များကို www.allaboutcookies.org နှင့် www.youronlinechoices.euတို့တွင် ရှာဖွေနိုင်ပါသည်

ကွတ်ကီးများနှင့်အခြားခြေရာခံနည်းပညာများကိုကျွန်ုပ်တို့ဆိုက်များကဘယ်လိုအသုံးပြုသလဲ။

McKinsey သည် သင်နှင့် သင့်စိတ်ဝင်စားမှုများကို သိရှိရန်၊ သင့်နှစ်သက်မှုများကို မှတ်မိစေရန်နှင့် ကျွန်ုပ်တို့၏ ဆိုက်များအား သင်သုံးစွဲပုံကို ခြေရာခံနိုင်ရန်အတွက် ကွတ်ကီးများနှင့် အခြားခြေရာခံ နည်းပညာများကို အသုံးပြုပါသည်။ ကျွန်ုပ်တို့၏ ဆိုက်များရှိ အချို့သော အကြောင်းအရာများအား ရယူခွင့်ကို ထိန်းချုပ်ရန်၊ ဆိုက်များကို ကာကွယ်ရန်နှင့် ကျွန်ုပ်တို့ထံသို့ သင်၏ မည်သည့် တောင်းဆိုမှုကိုမဆို ပြုလုပ်ရန်အတွက်လည်း ကွတ်ကီးများနှင့် အခြား ခြေရာခံ နည်းပညာများအား အသုံးပြုပါသည်။

ကျွန်ုပ်တို့၏ ဆိုက်များကို စီမံအုပ်ချုပ်ရန်နှင့် သုတေသန ရည်ရွယ်ချက်များအတွက် McKinsey သည် ကျွန်ုပ်တို့၏ ဆိုက်အသုံးပြုသူများထံမှ စာရင်းအင်းဆိုင်ရာ အသုံးပြုမှုများနှင့် ပမာဏ အချက်အလက်ကို ခြေရာခံပြီး သုံးသပ်ရန်အတွက် ၀န်ဆောင်မှုပေးသော တတိယအဖွဲ့အစည်းများနှင့်လည်း စာချုပ်ချုပ်ဆိုထားပါသည်။ အသုံးပြုသူ အတွေ့အကြုံကို တိုးမြင့်စေရန်၊ ကျွန်ုပ်တို့၏ ဆိုက်အကြောင်းအရာကို စီမံခန့်ခွဲရန်နှင့်   ဆိုက်များတွင် အသုံးပြုသူများ မည်သို့ သွားလာ သုံးစွဲကြသည်ကို သုံးသပ်ရာတွင် အကူအညီ ဖြစ်စေရန်အတွက် ဤ၀န်ဆောင်မှုပေးသော တတိယအဖွဲ့အစည်းများသည် အမြဲတမ်းကွတ်ကီးများကို အသုံးပြုပါသည်။

မူလနှင့်တတိယအဖွဲ့အစည်းကွတ်ကီးများ

“မူလအဖွဲ့အစည်း ကွတ်ကီးများ” သည် McKinsey မှ ပိုင်ဆိုင်ပြီး သင့်စက်ပေါ်တွင် McKinsey မှ ထားရှိသော ကွတ်ကီးများ ဖြစ်ပါသည်။ “တတိယအဖွဲ့အစည်း ကွတ်ကီးများ” သည် ကျွန်ုပ်တို့၏ ဆိုက်မှတဆင့် အခြားအဖွဲ့အစည်းမှ သင့်စက်ပစ္စည်းပေါ်တွင် ထားရှိသော ကွတ်ကီးများ ဖြစ်ပါသည်။ ကျွန်ုပ်တို့ထံသို့ ဆက်သွယ်ရန် အချက်အလက်များ ပေးထားသော အသုံးပြုသူများထံသို့ အီးမေးလ်များ ပေးပို့ရန်အတွက် ၀န်ဆောင်မှုပေးသော တတိယအဖွဲ့အစည်းများကို McKinsey မှ စာချုပ်ချုပ်ထားခြင်း ရှိနိုင်ပါသည်။ ကျွန်ုပ်တို့၏ အီးမေးလ် ဆက်သွယ်ရေးများ အကျိုးရှိမှုကို သိရှိရန်နှင့် မြှင့်တင်ရာတွင် အကူအညီဖြစ်စေရန် နှင့်/သို့မဟုတ် မက်ဆေ့ဂ်ျများအား ဖွင့်ခြင်းနှင့် လင့်ခ်များအား နှိပ်ခြင်းရှိမရှိ သိရှိနိုင်စေရန်အတွက် ၀န်ဆောင်မှုပေးသော တတိယအဖွဲ့အစည်းများသည် အဆိုပါ အသုံးပြုသူများ၏ စက်ပစ္စည်းများတွင် ကွတ်ကီးများကို ထားရှိခြင်း ရှိနိုင်ပါသည်။ 

အဆိုပါ ကုမ္ပဏီများမှ ကျွန်ုပ်တို့၏ကိုယ်စား အချက်အလက်များကို မည်သို့ ရယူအသုံးပြုသည်နှင့် ပတ်သက်၍ နောက်ထပ်အချက်အလက်များအတွက် အောက်တွင် ဖော်ပြထားသည့်အတိုင်း ယင်းတို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒများတွင် ကြည့်ပေးပါ။

ကျွန်ုပ်တို့သည် အောက်ပါ ကွတ်ကီးအမျိုးအစားများကို အသုံးပြုပါသည် -

အမြဲတမ်းကွတ်ကီးများ။ ဆိုက်များကို အသုံးပြုရာတွင် သင့်အတွေ့အကြုံကို တိုးမြှင့်ပေးရန်အတွက် အမြဲတမ်းကွတ်ကီးများကို အသုံးပြုပါသည်။ ယင်းတွင် သင်ဆိုက်များအား အသုံးပြုစဉ်က ပထမဆုံး ပေါ်လာသော ကွတ်ကီး မက်ဆေ့ဂ်ျကို ပိတ်ရန်အတွက် ကျွန်ုပ်တို့၏ ကွတ်ကီးမူဝါဒအား သင့်လက်ခံကြောင်းကို မှတ်သားထားခြင်း ပါဝင်ပါသည်။

အချိန်ပိုင်း ကွတ်ကီးများ။ အချိန်ပိုင်း ကွတ်ကီးများသည် ယာယီဖြစ်ပြီး ၀ဘ်ဘရောက်ဆာအား ပိတ်ချိန်တွင် ယင်းတို့အား စက်မှ ဖျက်လိုက်ပါသည်။ အချိန်ပိုင်းကွတ်ကီးများကို အထက်တွင် ဖော်ပြထားသည့်အတိုင်း အင်တာနက် အသုံးပြုမှုကို ခြေရာခံရာတွင် အကူအညီဖြစ်စေရန် အသုံးပြုပါသည်။

ဘရောက်ဆာတွင် သင့်လျော်သော ဆက်တင်များကို ဖွင့်ထားခြင်းဖြင့် ဘရောက်ဆာ ကွတ်ကီးများကို လက်ခံရန် သင်ငြင်းဆန်နိုင်ပါသည်။ သို့ရာတွင် ဤဆက်တင်ကို ရွေးချယ်ထားပါက ဆိုက်များ၏ အချို့သော အစိတ်အပိုင်းများကို သင်ဝင်ရောက်၍ မရခြင်း ရှိနိုင်ပါသည်။ ကွတ်ကီးများကို ငြင်းဆန်နိုင်ရန် သင့်ဘရောက်ဆာ ဆက်တင်များ ချိန်ညှိထားခြင်းမှလွဲ၍ သင့်ဘရောက်ဆာဖြင့် ကျွန်ုပ်တို့၏ ဆိုက်များသို့ ၀င်ရောက်သည့်အခါတွင် စနစ်မှ ကွတ်ကီးများကို ထုတ်ပေးမည် ဖြစ်ပါသည်။

ဆိုက်များမှ နှင့်/သို့မဟုတ် ကွတ်ကီးများမှတဆင့် ရရှိပြီး သင့်ကွန်ပျူတာပေါ်တွင် ရှိနေနိုင်သော အချက်အလက်များကို အထက်တွင် ဖော်ပြထားသော ရည်ရွယ်ချက်များ ပြည့်မီစေရန် လိုအပ်သည်ထက်ပို၍ ထားရှိမည် မဟုတ်ပါ။ မည်သည့်အခြေအနေတွင်မဆို အဆိုပါ အချက်အလက် များအား တစ်နှစ်ထက်ပို၍ ထားရှိမည် မဟုတ်ပါ။

ကျွန်ုပ်တို့၏ ကွတ်ကီးများကို အောက်ပါ ရည်ရွယ်ချက်များအတွက် အသုံးပြုပါသည် -

ကွတ်ကီး အမျိုးအစား ရည်ရွယ်ချက်
မဖြစ်မနေ လိုအပ်သော/ နည်းပညာအရ ဖြစ်သော အဆိုပါ ကွတ်ကီးများသည် ကျွန်ုပ်တို့၏ ဆိုက်များအား လည်ပတ်နိုင်စေရန် လိုအပ်သောကြောင့် သင်သည် တောင်းဆိုခဲ့သည့်အတိုင်း ယင်းတို့ကို ရယူသုံးစွဲနိုင်ခြင်း ရှိနိုင်ပါသည်။ ဥပမာအားဖြင့် အဆိုပါ ကွတ်ကီးများသည် သင်အကောင့်တစ်ခု ဖွင့်ထားကြောင်းနှင့် ဆိုက်အကြောင်းအရာကို ၀င်ရောက်ရန်အတွက် ထိုအကောင့်သို့ အကောင့်ဝင်ထားကြောင်း ကျွန်ုပ်တို့ကို သိရှိစေပါသည်။ ယင်းတို့တွင် တူညီသော သုံးစွဲမှု အချိန်ပိုင်းအတွင်း သင့်ယခင် လုပ်ဆောင်ချက်များကို မှတ်မိစေပြီး ကျွန်ုပ်တို့၏ ဆိုက်များကို လုံခြုံစေနိုင်သော ကွတ်ကီးများလည်း ပါဝင်ပါသည်။
သုံးသပ်မှုဆိုင်ရာ/ စွမ်းဆောင်ရည် ဆိုက်များအား အသုံးပြုပုံနှင့် ယင်းတို့၏ လုပ်ဆောင်ပုံကို သုံးသပ်ရန်အတွက် ယင်းကွတ်ကီးများကို ကျွန်ုပ်တို့ သို့မဟုတ် ၀န်ဆောင်မှုပေးသော တတိယအဖွဲ့အစည်းများမှ အသုံးပြုနိုင်ပါသည်။ ဥပမာအားဖြင့် ဤကွတ်ကီးများသည် မည်သည့်စာမျက်နှာများကို သင်အများဆုံး လာရောက်သည်နှင့် ကျွန်ုပ်တို့ထံသို့ လာရောက်သူများသည် မည်သည့်နေရာများမှဖြစ်သည်ကို ခြေရာခံပါသည်။ သင်သည် သတင်းလွှာကို မှာယူထားပါက သို့မဟုတ် ဆိုက်များတွင် အခြားနည်းဖြင့် မှတ်ပုံတင်ထားပါက အဆိုပါ ကွတ်ကီးများသည် သင်နှင့် ဆက်စပ်မှု ရှိနေနိုင်ပါသည်။ ဥပမာအားဖြင့် ယင်းကွတ်ကီးများတွင် Google Analytics ကွတ်ကီးများ ပါဝင်ပါသည်။
လုပ်ဆောင်နိုင်မှု ဤကွတ်ကီးများသည် သင်ပြုလုပ်သော ရွေးချယ်မှုများနှင့်အညီ ကျွန်ုပ်တို့အား ဆိုက်များကို လည်ပတ်စေနိုင်ပါသည်။ ဤကွတ်ကီးများသည် လာရောက်မှု တစ်ခုနှင့် တစ်ခုအကြားတွင် သင့်ကို “မှတ်မိ” နိုင်စေပါသည်။ ချက်ချင်းအနေဖြင့် သင့်အသုံးပြုသူအမည်ကို ကျွန်ုပ်တို့ သိရှိမည်ဖြစ်ပြီး ဆိုက်များနှင့် ၀န်ဆောင်မှုများကို သင်မည်သို့ စိတ်ကြိုက်ပြုပြင်ထားသည်ကို မှတ်မိပါမည်။ ဥပမာအားဖြင့် စာလုံးအရွယ်အစား ချိန်ညှိခြင်း၊ စာလုံးပုံစံများ၊ ဘာသာစကားများနှင့် ၀ဘ်စာမျက်နှာများရှိ အခြား ပြောင်းလဲနိုင်သော အစိတ်အပိုင်းများဖြစ်ပြီး နောက်ထပ်လာရောက်မှုများတွင် သင့်အား တူညီသော ပြုပြင်ထားမှုများကို ပေးနိုင်ပါသည်။
တတိယအဖွဲ့အစည်း ကြော်ငြာပြခြင်း သင့်အတွက် ဦးတည်ထားသော ကြော်ငြာများကို ပြရန်အတွက် ယင်းကွတ်ကီးများသည် ဤဆိုက်များနှင့် အခြားဆိုက်များမှ သင့်လုပ်ဆောင်မှုများ၏ အချက်အလက်များကို ရယူပါသည်။ ကျွန်ုပ်တို့သည်လည်း အထက်ဖော်ပြပါ ရည်ရွယ်ချက်များအတွက် ဆိုက်များပေါ်ရှိ ကွတ်ကီးများအား ကျွန်ုပ်တို့၏ ၀န်ဆောင်မှုပေးသော တတိယအဖွဲ့အစည်းများမှ အသုံးပြုနိုင်ရန် ခွင့်ပြုခြင်း ရှိနိုင်ပါသည်။ ယင်းတွင် သင်ဝင်ရောက်သည့် အချိန်များနှင့် အခြား ၀ဘ်ဆိုက် အမျိုးမျိုးတို့တွင် သင့်အွန်လိုင်း လုပ်ဆောင်မှုများအကြောင်း အချက်အလက်များ ရယူခြင်း ပါဝင်ပါသည်။ ယင်းကွတ်ကီးများအား ထုတ်ပေးသည့် Adobe၊ Google၊ LinkedIn နှင့် Facebook တို့ကဲ့သို့သော ၀န်ဆောင်မှုပေးသော တတိယအဖွဲ့အစည်းများတွင် ယင်းတို့ကိုယ်ပိုင် ကိုယ်ရေးလုံခြုံမှု မူဝါဒများ ရှိပါသည်။ ကျွန်ုပ်တို့၏ ဆိုက်များသို့ သင်လာရောက်မှုအပေါ်တွင် မူတည်၍ အခြားဝဘ်ဆိုက်များပေါ်တွင် သင့်အားဦးတည်သော ကြော်ငြာများ ပြရန်အတွက် ယင်းတို့၏ ကွတ်ကီးများကို အသုံးပြုခြင်း ရှိနိုင်ပါသည်။

ကွတ်ကီးအသုံးပြုမှုအတွက်ကျွန်ုပ်၏သဘောတူညီချက်ကိုဘယ်လိုငြင်းဆန်သို့မဟုတ်ရုပ်သိမ်းရမလဲ။

သင့်စက်ပစ္စည်းတွင် ကွတ်ကီးများ မထားရှိစေလိုပါက သင့်အင်တာနက် ဘရောက်ဆာ၏ ဆက်တင်တွင် ကွတ်ကီးများ အားလုံး သို့မဟုတ် အချို့ကို ငြင်းပယ်ရန်နှင့် သင့်စက်ပစ္စည်းတွင် ကွတ်ကီးတစ်ခုအား ထားရှိပါက သတိပေးရန် ဆက်တင်များကို ချိန်ညှိထားနိုင်ပါသည်။ ယင်းသို့ ပြုလုပ်ပုံနှင့် ပတ်သက်၍ နောက်ထပ် အချက်အလက်များ သိရှိလိုပါက သင့်ဘရောက်ဆာရှိ 'help' / 'tool' သို့မဟုတ် 'edit' ကဏ္ဍတွင် ကြည့်ပေးပါ သို့မဟုတ် www.allaboutcookies.org တွင် ကြည့်ပေးပါ။ အကယ်၍ သင်သည် (မဖြစ်မနေ လိုအပ်သော ကွတ်ကီးများ အပါအ၀င်) ကွတ်ကီးများအားလုံးကို ပိတ်ထားရန် ဘရောက်ဆာ ဆက်တင်အား ပြုလုပ်ထားပါက ကျွန်ုပ်တို့၏ ဆိုက်များအားလုံး သို့မဟုတ် တစိတ်တပိုင်း သို့မဟုတ် လုပ်ဆောင်နိုင်မှုများကို မ၀င်ရောက်နိုင်ခြင်း သို့မဟုတ် အသုံးမပြုနိုင်ခြင်း ရှိနိုင်သည်ကို သတိပြုပေးပါ။

ယခင်က သိမ်းဆည်းထားသော ကွတ်ကီးများကို ဖယ်ရှားလိုပါက မည်သည့်အချိန်တွင်မဆို ကိုယ်တိုင်ဖျက်နိုင်ပါသည်။ သို့ရာတွင် သင့်အင်တာနက် ဘရောက်ဆာ ဆက်တင်အား အထက်တွင် ဖော်ပြထားသည့်အတိုင်း ချိန်ညှိထားခြင်း မရှိပါက ယင်းသည် ဆိုက်များမှ နောက်ထပ်ကွတ်ကီးများ ထားရှိခြင်းကို တားဆီးနိုင်မည် မဟုတ်ပါ။

အသုံးပြု ပရိုဖိုင်များ ဖွံ့ဖြိုးမှုနှင့် ဦးတည်သော/ကြော်ငြာပြသော ကွတ်ကီးများကို အသုံးပြုခြင်းနှင့် ပတ်သက်၍ နောက်ထပ် အချက်အလက်များ သိရှိလိုပါက သင်သည် ဥရောပမှဖြစ်လျှင်  www.youronlinechoices.eu နှင့် အမေရိကန် ပြည်ထောင်စုမှဖြစ်လျှင် www.aboutads.info/choices တို့တွင် ကြည့်ပေးပါ။ 

ကျွန်ုပ်တို့ကိုဆက်သွယ်ပါ

ကျွန်ုပ်တို့၏ ကွတ်ကီး မူဝါဒနှင့် ပတ်သက်၍ အခြားမည်သည့်မေးခွန်းမဆို ရှိပါက ကျွန်ုပ်တို့အား ဆက်သွယ်ရန်မှာ -

McKinsey & Company
Legal Department
711 Third Avenue
New York, NY 10017
212-446-7000

privacy_information@mckinsey.com